Hacker High School (TCP/IP , Protocols)


          Network ၏ သဘောသဘာဝ ၊ IP လိပ်စာများ ၊ ports နှင့် protocols များကို... နားလည်ရလွယ်အောင်.. ရှင်းပြထားပါတယ် ။ Network တည်ဆောက်ရာတွင်.. အရေးပါသည့်.. workstation ကို.. Topalogy ပုံစံဖြင့်နေရာချထားသည်ကို.. ပုံများဖြင့်..ဖော်ပြထားပါတယ် ။



         ပထမဦးဆုံးအနေနဲ့ TCP/IP Model တွင် Layer လေးခုရှိကြောင်းဖော်ပြထားပါတယ် ။ Layer
တစ်ချင်းစီကို Network Layer Access ကဘယ်လိုအလုပ်လုပ်လဲ ၊ Internet Layer က ဘယ်လိုအလုပ်လုပ်လဲ ၊ Transport နဲ့ Application Layer ကဘယ်လိုအလုပ်လုပ်လဲ..စသည်တို့ကို.. တစ်ဆင့်ချင်းရေးသားထားပါတယ် ။ ထူးခြားသည်မှာ... တခြားသော Network စာအုပ်များလို OSI/ISO model ( 7 Layers) ကိုအရင်မဖော်ပြပဲ... TCP/IP model ကို... အရင်ဆုံးဖော်ပြထားပါတယ် ။
အခေါ်အဝေါ်အသုံးအနှုန်းများကိုလည်း.. အသေးစိတ်ရှင်းပြထားပါတယ် ။ ဥပမာ - Network
တစ်ခုချိတ်ဆက်မိလျှင်.. computer ၏ network port မှပို့လွှတ်လိုက်သော information ကို...
HTTP အဆင့်တွင် data ဟုသတ်မှတ်ပြီး TCP အဆင့်တွင် segment ဟု ခေါ်ဆိုပါတယ် ။ IP
အဆင့်တွင်.. packet datagram ဟုခေါ်ဆိုပြီး Ethernet အဆင့်မှာတော့.. Frame လို့ခေါ်ပါတယ် ။
နောက်ဆုံးအဆင့်မှာတော့.. ကွန်ပျူတာနားလည်တဲ့ Bit လို့သတ်မှတ်ခေါ်ဆိုပါတယ် ။ ပို့လိုက်တဲ့
information ကတော့.. အဆင့်တိုင်းတူတူပါပဲ ။ ဒါပေမယ့်.. နာမည်တွေကွဲလာတာနဲ့အမျှ.. security
ပိုင်းလည်း.. ပိုကောင်းလာပါတယ် ။ စာမျက်နှာ 17 မျက်နှာပဲပါပြီး.. ပေါ့ပေါ့ပါးပါးဖတ်ရှူနိုင်ပါတယ်...


Download  Here

Comments