မြန်မာနိုင်ငံမှ Paypal Account ဖွင့်နည်း

အရင်တုန်းကဆိုရင် Paypal Account ကိုမြန်မာနိုင်ငံကနေ၀င်လို့မရပါဘူး ။ ခုနောက်ပိုင်း Paypal ကမြန်မာနိုင်ငံကို Restricted Area ကနေဖြုတ်ပေးလိုက်ပြီထင်ပါရဲ့  ။ ခုနောက်ပိုင်း Paypal ကို Log in ၀င်တဲ့အခါ ကျော်ဖို့ခွဖို့မလိုတော့တာတွေ့ ရမှာပါ။ဘာပဲဖြစ်ဖြစ်သတင်းကောင်းပဲပေါ့ဗျာ။ ဒီပို့စ်ကတော့ မြန်မာနိုင်ငံကနေပြီးတော့ Paypal အကောင့်ဖွင့်ချင်သူတွေအတွက်ရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ဖွင့်လို့မရသေးပါဘူး ။ နည်းနည်းပါးပါးတော့ Trick လေးသုံးရမှာပေါ့ဗျာ ။
သိပြီးသားသူတွေလည်းရှိသလိုမသိသေးတဲ့သူတွေလည်းရှိမှာပါ။ အဓိကကတော့မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ရေးပေးပါတာ ။ ကဲကဲ Intro စ၀င်တော့မယ်နော် ။ 
Paypal ဆိုတာဘာလဲ ?
Paypal ဆိုတာ Online ကနေပြီးတော့ငွေပေးချေတဲ့စနစ်ကို Support လုပ်ပေးတဲ့ Website လို့ပြောလို့ရပါတယ် ။ Online Market အများစုက Paypal ကနေငွေချေတာကိုလက်ခံကြပါတယ် ။ မြန်မာနိုင်ငံကလည်း Myanpay ဆိုတဲ့ စနစ်တစ်ခုထောင်ထားပါတယ် ။ ဒါပေမယ့် ဒေသတွင်းပဲသုံးလို့ရသေးတဲ့အတွက် မတွင်ကျယ်သေးဘူးလို့ပြောလို့ရပါတယ် ။ ဒီတော့နိုင်ငံတကာအတွက်ငွေချေချင်တယ်ဆိုရင် Paypal အကောင့်တစ်ခုရှိရုံနဲ့လုံလောက်ပြီလို့ပြောနိုင်ပါတယ် ။ 
Paypal အကောင့်ကိုဘယ်လိုဖွင့်မလဲ ?
1. www.us.paypal.com ဆီကိုသွားရပါမယ် ။
2. Sign up ကိုနှိပ်ပါ ။ Country ကို United State လို့ပဲထားပါ ။ Language ကိုလဲ English ပဲထားပါ ။ Paypal for personal use မှာ get start ကိုနှိပ်ပါ ။
3. Email Adress မှာ သင်ရဲ့  Email ကိုဖြည့်ပေးပါ ။ ဖြည့်တဲ့ Email ကကိုယ်တကယ်သုံးတဲ့ Email ဖြစ်ရပါမယ် ။ Password ကိုသင်ကြိုက်ရာ Password ပေးပြီးဖြည့်ပါ ။ Password ပေးတဲ့နေရာမှာ စာလုံးအကြီးတစ်လုံးနဲ့ ဂဏန်းတစ်လုံး အနည်းဆုံးပါဖို့လိုပါတယ် ။ ဥပမာ - Password123 
First name နဲ့ Last name ကိုသင့်ရဲ့ နာမည်ကိုဖြည့်ပါ ။ ဥပမာ သင့်နာမည်က Aung Kyaw ဆိုရင် First name မှာ Aung ကိုထည့်ပြီး Last name မှာ Kyaw ကိုထည့်ပါ ။ Adress Line 1 မှာ 4187 Holden Street လို့ဖြည့်ပေးပါ ။ Adress Line 2 ကိုဘာမှမထည့်လည်းရပါတယ် ။ City မှာ San Diego လို့ဖြည့်ပေးပါ ။ State ကို CA လို့ရွေးပေးပါ ။ Zip code မှာ 92107 လို့ဖြည့်ပါ ။ Phone Type ကို Home လို့ပြောင်းပါ ။ Country Code ကိုတော့ပြောင်းစရာမလိုပါဘူး ။ Phone number မှာ 6192251576 လို့ဖြည့်ပါ ။ ပြီးရင် Box လေးကိုအမှန်ခြစ်ပြီးတော့ Agree and create account ကိုနှိပ်ပါ ။
3. ပြီးရင် Security အတွက် ပုံလေးမှာပေါ်နေတဲ့ စာလုံးလေးတွေကိုရိုက်ထည့်ပေးရပါမယ် ။
4. ပေါ်လာမဲ့စာမျက်နှာမှာ Bank Account နဲ့ချိတ်မှာလား Credit Card နဲ့ချိတ်မှာလားလို့မေးပါလိမ့်မယ် ။ အဲ့ဒီမှာစတွေ့ တာပါပဲ ။ ဘဏ်အကောင့်နဲ့ချိတ်မယ်ဆိုရင်တော့နိုင်ငံခြားမှာကိုယ့်ဘဏ်အကောင့်တစ်ခုခုရှိမှဖြစ်မှာလေ ။ ရှိရင်တော့ကောင်းတာပေါ့ ။ မရှိဘူးဆိုရင်တော့ Credit Card နဲ့ချိတ်ဖို့ပဲကျန်တော့တယ် ။ ဒီတော့ Credit Card ကိုဘယ်ကရှာမလဲပေါ့ ။ မြန်မာနိုင်ငံကဘဏ်တွေက Visa Card တို့ Master Card တို့မှမပေးတာ ။ ဒါပေမယ့် မြန်မာနိုင်ငံမှာဝယ်လို့တော့ရနေပါပြီ ။ ဘယ်လိုဝယ်ရမလဲဆိုတာကို ဒီနေရာ မှာရေးပေးထားပါတယ် ။ 
5. ကဲ .... Virtual Visa Card ရပြီဆိုရင်တော့ Link your debit or credit card ဆိုတဲ့အကွက်က continue ကိုနှိပ်လိုက်ပါ။ အဲ့ဒီမှာ Credit Card Number တို့ Expire date တို့ CVV တို့ကို ဖြည့်ပေးလိုက်ပါ ။ ပြီးရင် continue ကိုနှိပ်ပါ ။
6. ကျန်တဲ့အပိုင်းတွေကတော့ Security Question တို့ဘာတို့ဖြည့်ခိုင်းတာပါ ။ ကိုယ့်ရဲ့  Security Answer ကိုတော့သေသေချာချာမှတ်ထားစေလိုပါတယ် ။ Password မေ့သွားတဲ့အခါပြန်သုံးရလို့ပါ ။
ကဲ ....... ဒီလောက်ဆိုရင်တော့ အားလုံးအိုကေစိုပြေပြီလို့ထင်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်စမ်းပြီးသားပါ။ 100% အောင်မြင်ပါတယ် ။ သူငယ်ချင်းများလည်းအဆင်ပြေပါစေလို့မျှော်လင့်ပါတယ် ။ မေးစရာရှိရင် Comment Box မှာမေးနိုင်ပါတယ်ဗျာ ။
                                                                                Original by K.J.G

Comments