iOS 6.1.3, 6.1.4 ,6.1.5 တို့ကို Jailbreak လုပ်နိုင်သော p0sixspwn Tool v1.0.4 ထွက်ရှိ

 
iOS 7 Jailbreak ထွက်ရှိလာပြီး မကြာခင်မှာပင် ကျန်ရှိသော မော်ဒယ်များဖြစ်သော iOS 6.1.3, 6.1.4 , 6.1.5 အသုံးပြု iPhone/Pad/Pod touch အားလုံးကို Jailbreak လုပ်နိုင်သော p0sixspwn Tool v1.0.4 ထွက်ရှိလာပြီဖြစ်သည်။ ယင်း Tool သည်လည်း Evasi0n Jailbreak Tool ကဲ့သို့ပင် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် Jailbreak လုပ်နိုင်သော Jailbreal Tool တစ်ခုပင်ဖြစ်သည်။
Jailbreak Tool ကိုအသုံးမပြုမီ iDevices နှင့်ကွန်ပျူတာကိုချိတ်ဆက်ထားရန်လိုအပ်ပြီး p0sixspwn Tool ကိုဖွင့်၍ Jailbreak ခလုတ်ကိုနှိပ်လိုက်ရုံသာဖြစ်သည်။
အချို့သောဖုန်းများတွင်မူ ပထမအကြိမ် Reboot ကျရာမှာ မကျရင်တော့ ကိုယ့်ဘာသာ
ပါဝါပိတ်ပြန်ဖွင့်မှရတတ်ပါတယ်။ Jailbreak မလုပ်ခင်အရင်တော့ မိမိတို့ Data များကို
backup လုပ်ထားရန်လိုအပ်ပါသည်။ အဆင်မပြေပါက ပြန်ရနိုင်ရန်ဖြစ်ပါသည်။
OTA( Over The Air ) Update လုပ်ထားသော ဖုန်းများတွင်မူ မရနိုင်ပါ။
p0sixspwn Tool အား Windows OS version နှင့် Mac OS X version ဟူ၍နှစ်မျိုးထုတ်လုပ်ထားသည်။ p0sixspwn Jailbreak Tool ကိုအောက်က link များမှာရယူနိုင်ပါတယ်။
 
 

Comments