Kali Linux



https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-snc7/481286_350305128412246_1139488159_n.jpg

What is Kali Linux? Kali LInux ဆိုတာ Backtrack ကို အခြေပြုပြီး Debian Development Standards တွေနဲ့ အညီ ပြန်လည်တည်ဆောက်ထားတဲ့ Pentesting အထူးပြု Linux Distro တစ်ခုဖြစ်ပါတယ် ။
-သူ့ မှာ တခြား သာမန် Linux Ditro တွေထက် ဘာကွာသလဲ
?
1.Penetration Softwares
Backtrack က Tools တွေထဲက အဆင်မပြေလောက်ဖူးဆိုတဲ့ Tools တွေကို ဖြုတ် ထပ်ပြီးထည့်သင့်တဲ့ Tools တွေကိုထည့်ပြီး အသစ်ပြင်ဆင်မွှမ်းမံထားပါတဲ့ Tools ပေါင်း သုံးရာကျော်ပါဝင်ပါတယ် ။
2.အခမဲ့
အာမခံပါတယ် Kali Linux ဟာ လုံးဝ Free ပါ ။ နောက်လည်း Free ဖြစ်နေဦးမှာပါ ။
3.Open Source
Kali Linux ဟာ Open source ဖြစ်ပါတယ် ။ Kali ကိုယ်တိုင်လည်း Open Source တွေနဲ့ တည်ဆောက်ထားပြီး သူကလည်း Open Source ဖြစ်ပါတယ် ။ မည်သူမဆို ပြင်ဆင်ခွင့် ပြန်လည်ပြုပြင်ခွင့်ရှိပါတယ် ။
4.Wireless Device Support
အသစ်ထွက်တဲ့ Kali Linux မှာ အရင့်အရင် က Backtrack မှာ Support မလုပ်ခဲ့တဲ့ Wireless မျိုးစုံကို တတ်နိုင်သမျှ Support လုပ်ထားပါတယ်လို့ဆိုထားပါတယ်
5.Custom Kernel Patched for Injection
Penetration Tester တစ်ဦးအတွက် လိုအပ်တဲ့ Tool မှန်သမျှကို Kernel မှာ Compile လုပ်ပြီးသားဖြစ်လို့ Tool တွေတင်သုံးတာထက်ပိုပြီး အဆင်ပြေပါလိမ့်မယ်
6.Secure Development Environment
Kali Linux ကို ယုံကြည်ပြီး Secure ဖြစ်တဲ့ Packages တွေ Repositories တွေနဲ့ အသုံးပြုထားတာဖြစ်လို့ Secure ဖြစ်စေပါမယ်
7.Multi-Language
Pentesting Tools တော်တော်များများကို English နဲ့ ရေးသားထားပေမယ့် Kali မှာတော့ Multilingual support ပေးပါတယ် ။ မိမိတိုင်းရင်းဘာသာစကား ကိုအသုံးပြုချင်တယ်ဆိုတဲ့လူတွေအတွက်လည်း ခွင့်ပြုပါတယ် ။
8.Completely Customizable
မည်သူမဆို စိတ်ကြိုက် Kali Linux အားပြုပြင်ခြင်း ပြင်ဆင်ခြင်းကို တရားဝင်ခွင့်ပြုပါတယ် ။
9.ARMEL and ARMHF Support
rk3306/ss808
Raspberry Pi
ODROID U2/X2
Samsung Chrome
တို့လို ARM သုံး Device တွေပေါ်မှာပါ Kali Linux ကိုအသုံးပြုလို့ရနေပါပြီ
- ဘယ်သူတွေ Kali Linux ကိုသုံးသင့်သလဲ
Linux ကိုစသုံးမယ်ဆိုတဲ့သူ သာမန် End User တွေအတွက်တော့ Ubuntu သို့မဟုတ် တခြား Linux Distro တစ်ခုခုကို အသုံးပြုသင့်ပြီး Network Security သမား သို့မဟုတ် Security နယ်ပယ်က လူဆိုရင်တော့ Kali Linux ကိုအသုံးပြုသင့်ပါတယ် ။
- Kali Linux ရဲ့ Official Website
www.kali.org
( Ref : www.kali.org )
Kali Linux အား အခမဲ့ ရယူနိုင်သည့်နေရာများ
YGN : No.12 ပထမထပ် အောင်တော်မူလမ်း ရန်ကုန် WOrk 4 U
MDY : 83 x 33 ထောင့် Playground
Pyin Oo Lwin : 6 ကွက် ဗိုလ်ချုပ်လမ်း (ရာဇာမင်း) ၃ မူလတန်းကျောင်းအရှေ့၊

Comments